ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး နှစ်လိုဖွယ်ကောင်းသော ခရီးသွားရပ်ဝန်းပေါ်ပေါက်ရန် ဆောင်ရွက်သွား မည်

Pyi Myanmar 26 Sept 2018 01 Jan 1970

ခရီးသွားလုပ်ငန်းများတွင် ပလတ်စတစ်များ သုံးစွဲမှု လျှော့ချရေးအတွက် နှစ်လိုဖွယ်ကောင်းသော ခရီး သွားရပ်ဝန်း ပေါ်ပေါက်ပြီး မြန်မာနိုင်ငံအား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာ၌ အမှန်စင်စစ် ကောင်းမွန်သော နေရာတစ်ခုဖြစ် လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၆ရက်တွင် ပြု လုပ်သည့် သန့်မြန််မာစာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနားမှ သိရသည်။

သန့်မြန်မာမှ စက်တင်ဘာလ ၂၇ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအ မှတ် အဖြစ် မြန်မာနိုင်ငံ ခရီးသွားကဏ္႑ရှိ ပဲ့ကိုင်ရှင်များကို တိုက်တွန်းလှုံ့ဆော်ခြင်းဖြင့် မကြာသေးခင်က ထုတ်ပြန် ထားသော “Be Enchanting” (နှစ်လိုဖွယ်ကောင်းသော ခရီးသွားရပ်ဝန်း) ဟူသည့် ခရီးသွားကဏ္႑ဆောင်ပုဒ် နှင့်အညီ “အကျင့် ဟောင်းကိုပြုပြင်စို့” ဆိုသည့် ဆောင်ပုဒ်ကိုလည်း လက်ကိုင်ပြုမူကာ တစ်ခါသုံး ပလတ်စ တစ်များ သုံးစွဲမှု လျှော့ချရေး၊ ပြန်လည်သုံးစွဲရေးနှင့် ပြန်လည်ထုတ်လုပ်ရေးတို့တွင် အရှိန်တိုးမြှင့်ဆောင်ရွက်စေ ရန်ဖြစ်ကြောင်း သိရသည်။

“ခရီးသွားကဏ္႑က ပြောင်းလဲတိုးတက်မှုတွေကို ဦးဆောင်နေတဲ့ကဏ္႑တွေထဲက တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရဲ့ သဘာဝ အလှအပနဲ့ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းပေးပါတယ်။ သန့်မြန်မာအနေနဲ့ ဒီနှစ်ကစပြီး ဒေသခံတွေ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ခရီးသွားဝန်ဆောင်မှုအေဂျင်စီတွေအပါအဝင် ခရီးသွားတွေကို ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချရေးနဲ့ပတ်သက်ပြီး လံှု့ဆော်မှုတွေ၊ အသိပညာဗဟုသုတတွေ မျှဝေပေးခဲ့ပါတယ်” ဟု သန့်မြန်မာမှ တာဝန်သိခရီးသွားလုပ်ငန်းဖြစ်ထွန်းရေး၏ အကြံပေးဖြစ်သူ Barbara Schott ပြောသည်။

သန့်မြန်မာသည် လူထုကို အသိပညာပေး လှုပ်ရှားမှုများလုပ်နိုင်အောင် ဖေ့စ်ဘွတ်နှင့် အခြားလူမှု ကွန်ရက် မီဒီယာများ ကို အသုံးပြုကာ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ပတ်သက်နေသူများအားလုံးကို ဒစ်ဂျစ် တယ်နည်းပညာဖြင့် လိုအပ် သော သတင်းအချက်အလက်များကို ဆက်လက်ဖြန့်ဖြူး ကူညီပေးသွားမည်ဖြစ်ပြီး
ပြီးခဲ့သည့် မတ်လ ၂၀၁၈ ခုနှစ်မှစတင်၍ သန့်မြန်မာသည် လူထုကို အသိပညာပေးသည့် လူထုအသိပညာပေး လှုပ်ရှားမှုကမ်ပိန်းများကို စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများတွင်ရှိသော ခရီးသွားဧည့်သည်များ လည်ပတ်ရာ နေရာများတွင် တောင်ပုံယာပုံဖြစ်နေသော အမှိုက် သရိုက်များနှင့် ရင်ဆိုင်တွေ့ကြုံလျှက်ရှိပြီး စီမံခန့်ခွဲမှု အား နည်းသော အညစ် အကြေးစွန့်ပစ်စနစ်ကြောင့် ပလတ်စတစ်များသည် မြစ်ချောင်းများနှင့် သမုဒ္ဒရာများထဲသို့ စီးဝင်ကာ ကျွနု်ပ်တို့၏ ရေလမ်းကြောင်းများကို ညစ်ညမ်းစေရုံသာမက ကျေးငှက်များနှင့် ရေနေသတ္တဝါများကိုပါ ထိခိုက်သေကြေပျက်စီး စေလျက်ရှိကြောင်း သိရသည်။

 

Ref : Pyi Myanmar 

Photo Ref : Internet 

Posted By : Thazin (www.findpropertymm.com)