ဧရာဝတီကမ်းလွန်ရှိ ဓာတ်ငွေ့သိုက်သစ် ၂၀၂၃ တွင် သဘာဝဓာတ်ငွေ့ထုတ််မည်

7 Days News SEPTEMBER 26, 2018 01 Jan 1970

ပဉ္စမမြောက် ရေနံ နှင့် သဘာဝကမ်းလွန်လုပ်ကွက် ဖြစ်လာမည့် A-6 ကို ၂၀၂၃ တွင် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင် မည်ဖြစ်ပြီး အစိုးရက ပိုင်ဆိုင်မှု ၂၀ ရာခိုင်နှုန်း ပါဝင်ခွင့်ရှိမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က ပြောသည်။

ပုသိမ်မြို့၏    အနောက် မြောက်ဘက် မိုင် ၆၀ ကျော် ပင် လယ်ကမ်းလွန်ရှိ A-6 လုပ်ကွက် တွင် သဘာဝဓာတ်ငွေ့သိုက်တစ် ခုကို ရွေှရည်ထွန်းတွင်းအမှတ် (၂) တွင် ထပ်မံတွေ့ရှိပြီး စီးပွား ဖြစ် ထုတ်လုပ်နိုင်ကြောင်း စက်တင်ဘာ ၂၅ ရက်က နေပြည်တော်ရှိ ဝန်ကြီးရုံး၌ သတင်းထုတ်ပြန်ရာ တွင် ပြောကြားခဲ့သည်။

‘‘ကျွန်တော်တို့ လိုချင်တဲ့အ ချိန်က ၂၀၂၃ မှာရဖို့ သူ့ရဲ့အင် ဂျင်နီယာလုပ်ငန်းတွေရှိတယ်။ ထွက်လာတဲ့ ဓာတ်ငွေ့တွေကို ပိုက်တွေနဲ့ သွယ်ရမယ်။ ဘယ် တွေကို သွယ်မလဲ။ ပြန်ပြီးတွက် ရမယ်’’ဟု ဦးဝင်းခိုင်က ပြော သည်။

ထိုလုပ်ကွက်ကို ပြင်သစ် Total ကုမ္ပဏီ၊ ဩစတြေးလျ Woodside ကုမ္ပဏီတို့က ရှယ် ယာ ၄၀ ရာခိုင်နှုန်းနှင့် ပြည်တွင်း MPRL E & P ကုမ္ပဏီက ရှယ် ယာ ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခြင်း ဖြစ်သည်။ ထိုကုမ္ပဏီသုံးခုသည် ဓာတ်ငွေ့ရှာဖွေမှု ကုန်ကျစရိတ် မျှခံပြီး   ဓာတ်ငွေ့ထွက်ရှိပါက အစိုးရက ၂၀ ရာခိုင်နှုန်း ပါဝင်ခွင့် ရှိကြောင်း ဝန်ကြီးက ပြောသည်။

ဝန်ကြီးက ထွက်ရှိလာမည့် ဓာတ်ငွေ့များကို ပြည်တွင်း၊ ပြည်ပသို့ မည်သည့်ပုံစံရောင်းချ မည့်အကြောင်း  ပြောကြားခြင်းမရှိဘဲ ပြည်တွင်းက ကမ်ဘာ့ပေါက် ဈေးထက်နည်းသည့် နှုန်းတစ်ခု ဖြင့် ၂၅ ရာခိုင်နှုန်း  ဝယ်ယူခွင့် ရှိပြီး ပိုမိုလိုအပ်ပါက ကမ်ဘာ့ပေါက် ဈေးအတိုင်း    ဝယ်ယူရမည်ဟု ဦးဝင်းခိုင်က ပြောသည်။

‘‘သူတို့ကလည်း စီးပွားဖြစ် ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးရှိတဲ့ အတွက် သူတို့ရဲ့ ဈေးကွက် တခြားတိုင်းပြည်ကို ရောင်းလို့ လည်း ရပါတယ်။ စက်ရုံထောင် ပြီး တစ်ခုခု ဆောင်ရွက်မယ်ဆို လည်း သူတို့လုပ်လို့ရပါတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

အကျိုးအမြတ်များကို အစိုးရက အချိုးကျရရှိမည်ဟု ဦးဝင်း ခိုင်က ဆက်လက်ပြောသည်။

သဘာဝဓာတ်ငွေ့ ထုတ် လုပ်မှုကို ငါးနှစ်အတွင်း ဆောင် ရွက်မည်ဖြစ်ပြီး ပိုက်လိုင်းတည် ဆောက်မှုအတွက် သုံးနှစ်အချိန် ယူရမည်ဟု MPRL E & P ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးမိုးမြင့်က ပြောသည်။

‘‘ဓာတ်ငွေ့အရောင်းအဝယ် စာချုပ်ဖြစ်တဲ့ Gas Sale Agree-ment စာချုပ်တွေလည်း ပြည် တွင်းမှာရော၊ ပြည်ပမှာရော ချုပ် ဆိုသွားဖို့ ရှိပါတယ်။ ဒါတွေအား လုံးကို လာမယ့် ၂ နှစ်၊ ၂ နှစ်ခွဲ အကြားမှာ ချုပ်ဆိုဖို့ ရည်မှန်းထား ပါတယ်။ တချို့တစ်ဝက်ကို ပြည် တွင်းမှာ သုံးမယ်လို့ ရည်ရွယ်ပါ တယ်။ ပြည်တွင်းမှာ သုံးစွဲမှု မလုပ်နိုင်တဲ့ ပမာဏကိုလည်း ပြည်ပကို ပို့ဆောင်ဖို့ ရည်ရွယ်ပါ တယ်’’ဟု ၎င်းက ပြောသည်။

A-6 လုပ်ကွက်အတွင်း သဘာဝဓာတ်ငွေ့စမ်းသပ်တူး ဖော်ရေး တွင်းငါးတွင်းတူးဖော်ရာ အားလုံးအောင်မြင်ခဲ့သည်။ ငါး တွင်းမြောက်ဖြစ်သည့် ရွေှရည် ထွန်းတွင်း အမှတ် (၂)ကို ၂၀၁၈ ဇူလိုင်တွင် စမ်းသပ်တူးဖော်ခဲ့ သည်။ ထိုတွင်း၌ သဘာဝဓာတ် ငွေ့ထုတ်လုပ်နိုင်သည့် အမြင့်ပေ ၁၃၀ ထူသည့် သဲကြောကို ရှာဖွေ ခြင်းဖြစ်သည်ဟု ကုမ္ပဏီက ဆို ထားသည်။

မြန်မာ့ကမ်းလွန်တွင် သဘာ ဝဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက် များ၌ ရွေှ၊ ရတနာ၊ ဇောတိကနှင့် ရဲတံခွန်ဟူ၍ လေးခုရှိပြီး ယင်းတို့ သည် ကမ်းလွန်ရေတိမ်ပိုင်း၌ ရှိသည်။ ထို့ကြောင့် A-6 သည် ပဉ္စမမြောက် ကမ်းလွန်လုပ်ကွက် ဖြစ်သလို ကမ်းလွန်ရေနက်ပိုင်း တွင် ပထမဆုံး သဘာဝဓာတ်ငွေ့ တွေ့ရှိမှုဖြစ်သည်။

 

Ref : 7 Days News

Posted By : Thazin (www.findpropertymm.com)