စက်မှုဇုန်ပထမအသုတ် ဖော်ဆောင်မည့် ရန်ကုန်မြို့သစ်စီမံကိန်း

Myanmar Builder Guide 09 Sep 2019

ပြည်ပနိုင်ငံများမှ ကုန်ထုတ်လုပ်သူများ လွယ်ကူအဆင်ပြေစွာနေရာ ချထားပေးနိုင်ရန်နှင့် အခွင့်အလမ်းကောင်းများ လက်လွှတ်မခံရစေရေးအတွက် ရန်ကုန်မြို့သစ်စီမံကိန်းတွင် စက်မှုဇုန်ပထမအသုတ်ကို အကောင် အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 NYDC(News Yangon Development Company) ၏ ဘုတ်အဖွဲ့ဝင်များကိုလည်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရမှ ပြောင်းလဲဖွဲ့စည်း ခဲ့ကြောင်း NYDC ၏ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ 

 

နှစ်လအတွင်း မြန်မာနိုင်ငံ၌ ကုန် ထုတ်လုပ်ငန်းများကို လာရောက် လုပ်ကိုင်လိုသည့်အတွက် စုံစမ်းသူအများအပြားရှိခဲ့သည်။ရန်ကုန်မြို့သစ်စီမံကိန်းကိုအကောင်အထည်ဖော်မည့် News Yangon Development Company ကို ရန်ကုန်တိုင်းအစိုးရက ရာနှုန်းပြည့်ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

 

News Yangon Development Company ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များကိုပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် ဝန်ကြီးဒေါ်နီလာကျော်နှင့် ဝန်ကြီးဦးဟံထွန်းအစားရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဒုတိယမြို့တော်ဝန် ဦးစိုးလွင်နှင့် အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးတို့ဖြင့် ရန်ကုန်တိုင်းအစိုးရက ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

 

'' NYDC ကိုယ်စား ဝန်ကြီးဒေါ်နီလာကျော်နဲ့ ဝန်ကြီးဦးဟံထွန်းတို့ကို ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့တဲ့အချိန်မှာ စီမံကိန်းတိုးတက်ရေးအတွက် အဘက်ဘက်က အားထုတ်မှုတွေ၊ ဆွေးနွေးအကြံပေးမှုတွေအတွက်လည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်''ဟု NYDC ၏ CEO ဦးသိမ်းဝေကပြောဆိုထားပါတယ်။

 

 အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ကမေ်ဘာဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့နှင့် ဆက်လက်ယှဉ်ပြိုင်နိုင်မည့် အခွင့်အလမ်းများရရှိစေမည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အတွက်လည်း အခွင့်အလမ်းကောင်းများ ရရှိစေမည်ဖြစ်သည်။ ကုန်ထုတ်လုပ်ငန်းများကို လုပ်ကိုင်သည့် စက်ရုံများအနေဖြင့်လည်း အမြန်ဆုံးလုပ်ငန်းများ စတင်လိုသည့်အခြေအနေရှိကြောင်း သိရပါတယ်။

 

ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်များ၏အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများသည်ရန်ကုန်မြို့သစ်ပထမအဆင့်ဖွံ့ဖြိုးရေး၌ များစွာအထောက်အကူဖြစ်မည်ဟု ယုံကြည်ကြောင်းယင်းကုမ္ပဏီ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်၌ဖော်ပြထား ပါတယ်။

 

Ref & Photo Credit : Myanmar Builder Guide 

Posted By : Thazin Hnin Htet (www.findpropertymm.com)