မန္တလေး မရမ်းခြံဆိပ်ကမ်း အဆင့် မြှင့်တင်ရေးလုပ်ငန်း

Myanmar Builder Guide 09 Sep 2019

မန္တလေး မရမ်းခြံဆိပ်ကမ်း အဆင့် မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် ယင်းနေရာ တွင် လက်ရှိလုပ်ကိုင်နေသောလုပ်ငန်းများကို အခြား နေရာများသို့ ယခုစက်တင်ဘာလတွင် ရွှေ့ပြောင်း နိုင်ရေး စီစဉ်သွားမည်ဖြစ်ကြောင်း

ဆိပ်ကမ်းနေရာ ချထားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်အောင် (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ် အမှတ်-(၂)က ပြော ဆိုသည်။

မရမ်းခြံဆိပ်ကမ်းတွင် မန္တလေး  -မင်းကွန်းနှင့် အခြားနေရာများသို့ နိုင်ငံခြားခရီးသွားများပို့ဆောင်ပေးနေသည့် ပုဂ္ဂလိကရေယာဉ်များဆိုက် ကပ်ရာဆိပ်ကမ်းဖြစ်သည်။ အဆင့်မြှင့်တင်ရေးဆောင်ရွက်ရန် စီမံကိန်း ဆောင်ရွက်မည်ဖြစ်၍ ယင်းကဲ့သို့ရွှေ့ပြောင်းပေးခြင်းဖြစ်သည်။

တိတိကျကျမပြောနိုင်

"မကြာခင် သက်ဆိုင်သူတွေနဲ့ ညှိနှိုင်းပြီးလို့ ရွှေ့ခိုင်းရမှာပေါ့။ မရမ်းခြံဆိပ်ကမ်းမြှင့်တင်ရေးက ဘယ်အချိန်အကောင်အထည်ဖော် မယ်ဆိုတာ တိတိကျကျမပြောနိုင်ပါဘူး။ ဒီနေရာမှ ဆိပ်ကမ်းစီမံချက် ရှိလို့ ဒီနေရာမှာ  ဆိပ်ကမ်းနေရာချထားပေးတာမလုပ်ဖို့ ညွှန်ကြားထား တဲ့အတွက် ဘတ်ဂျက်ကာလတွေ မှာချထားပေးတာမရှိတော့ဘူး"ဟု ဆက်လက်ပြောဆိုခဲ့သည်။

အကောင်အထည်ဖော်

မန္တလေးဆိပ်ကမ်းသာယာလှပရေးအတွက်  နယ်သာလန်နိုင်ငံမှ Royal Haskoing Consultant Co .,Ltd. မှ Master Plan ရေးဆွဲခြင်းဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြပြီးဖြစ်ရာ အပြီး သတ်Master Plan  ရေးဆွဲကာ ညှိနှိုင်းမှုများလုပ်ဆောင်၍ အကောင် အထည်ဖော်မည့် စီမံကိန်းတစ်ခုဖြစ်သည်။   

Ref & Photo Credit : Myanmar Builder Guide 

Posted By : Thazin Hnin Htet (www.findpropertymm.com)