Find Property

ထိုင်းကုမ္ပဏီတစ်ခုက ရန်ကုန်တွင် စက်မှုဇုန် တည်ထောင်မည်

7Day Daily | 30 Aug 2019

ထိုင်းနိုင်ငံ Amata Cor-poration Public Co.,Ltd က ရန်ကုန်မြို့ လေးထောင့်ကန်အနီးရှိ မြေဧက ၂,၀၀၀ တွင် စက်မှုဇုန်တည်ထောင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းက ပြော သည်။

အဆိုပါ စက်မှုဇုန်စီမံကိန်း အတွက် ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် Amata Corporation Public Co.,Ltd တို့အကြား မူ ဘောင်သဘောတူညီမှု စာချုပ် လက်မှတ်ရေးထိုးမှုကို ဩဂုတ် ၂၂ ရက်က ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန် သည်။

Yangon Amata Smart & Eco City ဟု အမည်ပေးထားသော အဆိုပါစီမံကိန်းကို ဆောက်လုပ် ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း အစိုးရတို့ အဆင့်ဆင့်ဆွေးနွေးမှု အချိန်ကြာမြင့်စွာ ပြုလုပ်ခဲ့သည် ဟု လက်မှတ်ရေးထိုးပွဲတွင် ရန် ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောသည်။

ရန်ကုန်တိုင်းတွင် အကောင် အထည်ဖော်မည့်စီမံကိန်း ၈၀ အနက် အဆိုပါစီမံကိန်းသည် တစ်ခု အပါအ၀င်ဖြစ်ကြောင်း ၂၀၁၉ မေလက ထုတ်ပြန်သည့် Yangon Project Bank ၌ ဖော်ပြထားသည်။

ရန်ကုန်မြို့သို့ လာရောက် ရင်းနှီးမြှုပ်နှံလိုသူများအတွက် အ ခွင့်အလမ်းကောင်းများ ပေးနိုင် သည့် စက်မှုဇုန်တစ်ခု ဖြစ်လာစေ လိုသဖြင့် Amata ကို ရန်ကုန်သို့ ရောက်စေလိုသည်ဟု ၎င်းကဆို သည်။

‘‘အရင်ကတည်းက ရန်ကုန် တိုင်းအစိုးရနဲ့ MoU ထိုးခဲ့တယ်။ ပြီးတော့ ဒုတိယအဆင့် ဆောက် လုပ်ရေးဝန်ကြီးဌာနနဲ့ Framework ထိုးတယ်။ Amata က စက်မှုဇုန်တွေ ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ထိုင်းမှာနာမည်ကြီးတယ်။ ပြီးတော့ သူနဲ့ ချိတ်ဆက်ထားတဲ့ လုပ်ငန်းတွေ ပါဝင်လာမယ်’’ဟု ဦးမြင့်သောင်းကပြောသည်။

ကနဦးအနေဖြင့် အဆိုပါ စက်မှုဇုန်စီမံကိန်း လျှပ်စစ်မီးရရှိ ရန် ဆောင်ရွက်နေကြောင်း၊ လုပ် ငန်းဆောင်ရွက်မည့်အပိုင်းကဏ္ဍ များကို ဆက်လက်ဆွေးနွေးနေပြီး ယင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့်ပမာဏ ထွက် ပေါ်လာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

စက်မှုဇုန်စီမံကိန်းအတွက် Amata Corporation Public Co.,Ltd က Global Power Synergy (GPSC)နှင့် SCG Cement-Building Material Co., Ltd အကြား နားလည်မှုစာချွန်လွှာ ရေးထိုးထားသည်။

 

Ref & Photo Credit : 7Day Daily & Internet Source

Posted By : Thazin Hnin Htet (www.findpropertymm.com)