ရန်ကုန်ဘူတာကြီး စီမံကိန်း ၁၇ လကြာသည့်တိုင် စာချုပ်ပါအချက်များညှိနှိုင်းဆဲ

Myanmar Builder Guide 14 Aug 2019

ရန်ကုန်ဘူတာကြီးအား အဆင့်မြှင့်တင်ဆောင်ရွက်မည့်လုပ်ငန်းများကို၂၀၁၈ ခုနှစ် မတ်လတွင်စတင်မည်ဟု ပြောကြားထားသော်လည်း ၁၇ လကြာမြင့်သည်အထိ ထူးခြားမှု မရှိသေးကြောင်း သြဂုတ် ၈ ရက်က မြန်မာ့ မီးရထား တိုင်းအမှတ် (၇) မန်နေဂျာထံမှ သိရသည်။

အတိအကျပြောမရ

"လက်ရှိအချိန်အထိတော့ ဘာမှမထူးခြား သေးဘူး။ ဘာကြောင့်လဲဆိုတာတော့ ပြော လို့မရဘူး။ ပြီးတော့ စာချုပ်ထဲမှာပါတဲ့အချက် အလက်တွေကို ညှိနှိုင်းဆွေးနွေးနေတယ်။ အဆင်ပြေရင် လုပ်မယ်။ ဘယ်နေ့စမလဲဆိုတာ ကိုတော့ အတိအကျပြောလို့မရဘူး" ဟု မြန်မာ့ မီးရထား တိုင်းအမှတ် (၇) မန်နေဂျာ သွား/ လာရေး(တိုင်း)မှ မန်နေဂျာ ဦးဇော်လွင်က ပြောဆိုသည်။

ညှိနှိုင်းနေ

ရန်ကုန်ဘူတာကြီးကို ရှေးမူလက်ရာမပျက် အဆင့်မြှင့်တင်ဆောင်ရွက်ရန် တင်ဒါခေါ် ယူခဲ့ရာ မင်းဓမ္မကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခဲ့ ကြောင်း၊ ယင်းစီမံကိန်းကို ၂၀၁၈ ခုနှစ် မတ်လတွင် စတင်ဆောင်ရွက်မည်ဟု မီဒီယာ များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သော်လည်း လက်ရှိအချိန်အထိ ဆောင်ရွက်နိုင်ခြင်းမရှိ သေးဘဲ စာချုပ်ပါအချက်အလက်များကို ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

စီမံကိန်းနယ်မြေ

အဆိုပါစီမံကိန်းနယ်မြေသည် ၆၃ ဧက ရှိပြီး ၃၆ ဧကကို စီမံကိန်းနယ်မြေအဖြစ် ပေး ထားကြောင်း၊ ယင်းစီမံကိန်းတွင် ခေတ်မီ ဘူတာအဆောက်အအုံ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများ၊ ရုံးခန်းများ၊ ဟိုတယ်များ၊ အဆင့်မြင့်လူနေအဆောက်အအုံများ ပါဝင် ကြောင်း သိရသည်။

ယင်းအပြင် စီမံကိန်းကို မတ်လတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး ရှစ်နှစ်ကြာစီမံကိန်းဖြစ်ကြောင်း၊ အဆင့် မြှင့်တင်ခြင်းစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ၂ç၆၀ဝ ကျော်အသုံးပြု မည်ဖြစ်သည်။

 

Ref & Photo Credit : Myanmar Builder Guide 

Posted By : Thazin Hnin Htet (www.findpropertymm.com)