Find Property

ဒလတံတားစီမံကိန်းကြောင့် ယာဉ်လိုင်း ၆ခု ယာယီလမ်းကြောင်းလွှဲကာပြေးဆွဲမည်

Myanmar Builder Guide | 12 Aug 2019

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတားစီမံကိန်းစတင်မည်ဖြစ်၍ ရန်ကုန်ဘက်ခြမ်းမှာ သြဂုတ်လ ၁၁ ရက်နေ့မှစပြီး ယာဉ်လိုင်း ၆ ခုလမ်းကြောင်းပြောင်း ပြေးဆွဲမည်ဖြစ်ကြောင်းသိရပါတယ်။

အဆိုပါယာဉ်လိုင်းများမှာ ကမ္ဘာအေးဘက်အခြမ်းပြေးဆွဲသည့် လေဆိပ် YBS, YBS 21, YBS 35, YBS 37, YBS 39 နှင့် YBS 78 တို့ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး၊ ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)ထံမှ သိရပါတယ်။

ထိုသို့လမ်းကြောင်းပြောင်းပြေးဆွဲရခြင်းကြောင့် ပြည်သူများအဆင်ပြေစေရန် မှတ်တိုင်များဆီသို့ လှည့်ကင်းယာဉ်များနှင့် ဝန်ထမ်းများပို့လွှတ်၍ အသိပေးခြင်း၊ ယာဉ်လိုင်းများလမ်းကြောင်း မှန်မမှန်ကြီးကြပ်ခြင်းတို့ နှင့်လုပ်ငန်းခွင်ဆောင်ရွက်နေသည့်လမ်းအစား မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် ကမ်းနားလမ်းတစ်လျှောက်တို့ကို အဓိကထား လမ်းကြောင်းပြောင်းလဲသုံးစွဲသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ဒေါ်လာ ၁၈၈ သန်းကျော် တန်ဖိုးရှိသော အဆိုပါ ရန်ကုန်-ဒလတံတားစီမံကိန်း လုပ်ငန်းခွင်ဆောင်ရွက်မည့် ဩဂုတ် ၁ ရက်မှ ၂၀၂၀ အောက်တိုဘာအထိ ၁၅ လတာကာလအတွင်း ဘုန်းကြီးလမ်းကိုပိတ်ထားမှာ ဖြစ်ကြောင်းသိရပါတယ်။

Ref & Photo Credit : Myanmar Builder Guide 

Posted By : Thazin Hnin Htet (www.findpropertymm.com)