Find Property

ကိုရီးယား-မြန်မာ စက်မှုမြို့တော် စီမံကိန်း

Myanmar Builder Guide | 02 Aug 2019

ကိုရီးယား-မြန်မာစက်မှုမြို့တော် စီမံကိန်းတည်ဆောက်မှုကာလကို ငါးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယားမြန်မာစက်မှုမြို့တော် (KMIC) ကိုလာမည့်နှစ်ဆန်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီး အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဦးစီးဌာန မှသိရသည်။

၎င်းစက်မှုမြို့တော်၏ပြင်ပအခြေခံအဆောက်အအုံဖြစ်သော လျှပ်စစ်မီးနှင့်လမ်းများဖော်ဆောင်ရန်အတွက် ကိုရီးယားနိုင်ငံမှချေးငွေယူရန်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းကို ကိုရီးယားက LH နှင့်မြန်မာဘက်က မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ JV အဖြစ်ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

စက်မှုမြို့တော်စီမံကိန်းကို အမေရိကန်ဒေါ်လာ ၁၁၀ ခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ဧရိယာအားဖြင့် ၅၅၅ ဧကခန့်ကျယ်ဝန်းသည်။ စီမံကိန်းကို ကိုရီးယားမှ ၆၀ ရာခိုင်နှုန်းနှင့်မြန်မာနိုင်ငံမှ ၄၀ ရာခိုင်နှုန်း အချိုးကျရင်နှီးမြှုပ်နှံထားကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် နားလည်မှုစာချွန်လွှာချုပ်ဆိုခဲ့ကာ ၂၀၁၇ ခုနှစ်တွင်သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း စီမံကိန်းတွင် အသေးစား၊ အလတ်စားနှင့် အကြီးစားစက်မှုလုပ်ငန်းများသာမက One Stop Service သင်တန်းကျောင်းနှင့် ဝန်ထမ်းအိမ်ရာ၊ ပန်းခြံနှင့်ရေဆိုးသန့်စင်စက်ရုံ၊စီမံခန့်ခွဲရေးရုံးနှင့် အခြားသောစီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုဇုန်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

Ref & Photo Credit : Myanmar Builder Guide 

Posted By : Thazin Hnin Htet (www.findpropertymm.com)