အိမ်ခြံမြေဝယ်မယ်ဆိုရင် ပွဲညွှန့်အတင်မခံရဖို့သတိပြု

Kumudra 01 Aug 2019

အိမ်ခြံမြေရောင်းကြ ဝယ်ကြရာမှာပွဲစားတွေ  ပွဲညွန့်တင်တယ်ဆိုတဲ့ ဖြစ်စဉ်မျိုးတွေ တစ်ချိန်တစ်ခါကရှိခဲ့ဖူးပါတယ်။ ရောင်းကြဝယ်ကြတဲ့အခါ ပစ္စည်းမှန် ဈေးမှန် ဖြစ်ရမယ်။  ရောင်းတန်းကိုတရားဝင်တဲ့ ပစ္စည်းဖြစ်ရမယ်။အတုအယောင်မဖြစ်ရဘူး အမှားအယွင်းမဖြစ်ဖို့လိုအပ်ပါတယ်။   

ဒါပေမဲ့ ကိုယ်ဖျောက်အရောင်းသမား  (အရောင်းအဝယ် ပြီး ရင် ပျောက်သွားတဲ့ ပွဲစား)တွေနဲ ့တွေ့ရင်တော့ ရောင်းမှားဝယ်မှား ဖြစ်နိုင်ခြေများသွားပါပြီ။ဒါတွေကို သတိထားနိုင်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ရောင်းမှား၊ဝယ်မှားနည်းစေဖို့ အတွေ့အကြုံများစွာရှိတဲ့ ဝါရင့်ရှေ့နေကြီးတွေနားလည်တတ်ကျွမ်းတဲ့ အိမ်ခြံမြေအကျိုး ဆောင်ကြီး တွေနဲ့တိုင်ပင်ဆွေး နွေးလုပ်ကိုင်သင့်ပါတယ်။

သည်နေ့သည်ကာလမှာ အများသူငှာလို ဈေးမျိုး (တစ်ထပ် တည်းမကျရင်တောင် အနီးစပ် ဆုံး တူညီရတဲ့ ဈေးမျိုး) ဖြစ်နိုင်ဖို့လိုအပ်ပါတယ်။ ပစ္စည်းမှန်ဈေးမှန်ဆိုရင် ဝယ်သူဘက်ကလည်း ယုံကြည်စိတ်ချပြီး ဝယ်လာကြမှာဖြစ်တယ်။ ဒါမှမဟုတ် ဈေးကအများဈေးထက်အနည်းငယ်ပိုနေပေမဲ့ လည်းဝယ်သူဘက်က ပစ္စည်း ကြိုက်လို့ ဝယ်တဲ့အနေအထားက တော့ကြိုက် ရောင်း ကြိုက်ဝယ် သဘောမျိုးပဲ ဖြစ်ပါတယ်။ဒါဆိုရင်သိပ် ကွာခြားသွားတတ်တဲ့အဖြစ်အနေအထားမျိုးလည်းရှိတတ်တာ ကြောင့်ကောင်းတဲ့ အနေအထားမျိုးမဟုတ်ပါဘူး။

အိမ်ခြံမြေလောကမှာ ဝါရင့်အကျိုးဆောင ဦးသန်းဦးက သတိထားစရာအတွေ့အကြုံအချို့ကို အခုလို ပြောပြပါတယ်။ “လွန်ခဲ့တဲ့ နှစ်တွေကကာလပေါက်ဈေး သိန်း၂၅ဝဝ လောက်ရှိတဲ့ပစ္စည်းကို ရောင်းသူက သိန်း  ၃ဝဝဝ  လောက် နဲ့ ရောင်းခဲ့တာ၊ဝယ်သူကလဲ ဈေး ကွက်နဲ့ ပစ္စည်းအနေအ ထားကို မသိ တော့ တောင်းတဲ့ ဈေး ပေး ဝယ် သွားတယ်၊ ဒီတော့ ရောင်း တဲ့ သူနဲ့ဝယ်သူ ဈေးဟာသိန်း ၅ဝဝ လောက် ကွာသွားတယ်၊ဘာ ကြောင့်  ကွာသွားတာလဲဆိုတော့ဝယ်သူရဲ့ကိုယ်စားလှယ်က  ပွဲညွှန့်တင်လိုက်တာ ကြောင့် ဖြစ်ပါ တယ်၊ ဒီဖြစ်စဉ် တကယ်ဖြစ်ခဲ့ဖူး တယ်”လို့ဆိုပါတယ်။

ဦးသန်းဦးက “အဲဒီလိုတွေ ဖြစ်သွားတာကိုအန်ကယ်တို့အကျိုး ဆောင်တွေမသိလိုက်ဘူး၊ ဒါပေမဲ့ ဝယ်သူရဲ့ကိုယ်စားလှယ် ကဝင်လုပ်  သွားတာ”လို့ ပြောပြပါတယ်။

အဲသည်လိုတွေ ဖြစ်တော့ပစ္စည်းရှင်အနေနဲ့ မျက်နှာပျက်ရသလို ဝယ်သူမှာလည်း မလိုအပ်ဘဲ  ငွေတွေကို အပိုသုံးမိရတဲ့အ ခြေ အနေတစ်ရပ်ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

အိမ်ခြံမြေအရောင်းအဝယ်လုပ်ရာမှာ  ရွေှဈေး၊ ဒေါ်လာဈေး တွေလိုသည်နေ့မှာ သည်လောက် ပေါက်ဈေးရှိပေမဲ့ အိမ်ခြံမြေမှာ အမျိုးအစားအများကြီးရှိတော့ ပြောလို့မရဘူး။ ဝယ်သူကလည်း နေရာကြိုက်တယ်။ ဈေးလည်း ထိုက်သင့်တယ်လို့ ယူဆရင် အရောင်းအဝယ်  ဖြစ်ြ ကတာပါ။ အကျိုးဆောင်တွေ အနေနဲ့  အရောင်း အဝယ်ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဌာနဆိုင်ရာ ညွှန်ကြားချက်တွေ အတိုင်းလုပ်ဆောင်ပြီး  ရောင်းသူရဲ့ အိမ်မြေပစ္စည်းကို  ဝယ်သူလက်ထဲ သော့အပ်နှံပြီးတဲ့အထိ ပြီး ရင် တော့ အရောင်းအဝယ်ပြီး ဆုံးပြီ  ဖြစ်ပါ တယ်။ ဒါကြောင့် အရောင်း အဝယ် လုပ်ရာမှာ ပိုင်ဆိုင်မှု တွေနဲ့ ပတ် သက်ပြီးဘယ်လိုမှန်ကန်မှု ရှိ လဲ၊   လုံခြုံတဲ့  အာမခံချက်မျိုးရှိ လား ဆိုတာကို စနစ်တကျလုပ်ဆောင်နိုင်ဖို့ အကျိုးဆောင် လုပ်ပေးသူ က အ တွေ့အကြုံ ရှိသင့်တယ်လို့  ဦးသန်းဦးက အကြံပြုလိုက်ပါတယ်။

Ref & Photo Credit : Kumudra 

Posted By : Thazin Hnin Htet (www.findpropertymm.com)