Find Property

ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်မည့် ဟုမ္မလင်း  နမ့်ပငချောင်း

Myanmar Times | 08 Jul 2019

ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်မည့် ဟုမ္မလင်း  နမ့်ပငချောင်း

ဟုမ္မလင်းမြို့ရှိ နမ့်ပငချောင်း အသေးစား ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှုကုန်ကျငွေသည် ငွေကျပ် ၂၄ ဘီလီယံရှိမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောဆို သည်။

လူထုတွေ့ဆုံပွဲ

စစ်ကိုင်းမြို့တော်ခန်းမ၌ ဇွန် ၂၈ ရက်ကပြုလုပ်သည့် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းခရိုင်လူထုတွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

လေ့လာတိုင်းတာ

နမ့်ပငချောင်းအသေးစား ရေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စတင်တည်ဆောက်နိုင်ရန်အတွက် စူးစမ်းလေ့လာတိုင်းတာပြီး ဒီဇိုင်းနှင့် ပုံထုတ်ခြင်းလုပ်ငန်းများ ဆောင် ရွက်ခဲ့ကြောင်းနှင့် ယင်းလုပ်ငန်းများအတွက် ငွေကျပ် ၃၄၇ ဒသမ ၅၀၄ သန်းကုန်ကျခဲ့ကြောင်း သိရသည်။

ဆောင်ရွက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်တွင် ဓာတ်အားခွဲရုံ ပေါင်း ၃၃၆၂ ရုံ၊ အသေးစား ရေအားလျှပ်စစ်စက်ရုံသုံးရုံနှင့် ဒီဇယ် ဓာတ်အားပေးစက် ၃၉ လုံးဖြင့် ဓာတ်အားပေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။

 

Ref & Photo Credit : Myanmar Builder Guide 

Posted By : Seint Yupar Zaw (www.findpropertymm.com)