ရန်ကုန်အိမ်အငှားဈေး ပြန် ကောင်းလာ

Kumudra 12 Jun 2019

ရန်ကုန်အိမ်အငှားဈေး   ပြန်ကောင်းလာ

ရန်ကုန်၊      ဇွန်၄    -     နိုင်ငံခြားရင်းနှီးမြှုပ်နှံ  မှု   များပြားလာတာကြောင့်    ရန်ကုန်  အိမ်အငှားဈေးကွက်   လှုပ်ခတ်လာ တယ်လို့    ရန်ကုန်တိုင်းဒေသကြီး    အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးအသင်းက   ဥက္ကဋ္ဌ  ဦးစိုင်းခွန်  နောင်က  ပြောပါတယ်။

အဲသည်လို  လှုပ်ခတ်ရာမှာ  ဗဟန်း၊  မရမ်းကုန်း  စတဲ့  မြို့နယ် တွေအပါအဝင်   ရန်ကုန်မြို့တော် စည်ပင်သာယာရေးမြို့နယ်  ၃၄   မြို့ နယ်အတွင်းမှာလည်း     လှုပ်ခတ် လာတယ်လို့     သိရ ပါတယ်။

“အငှားဈေးကွက်  နည်းနည်း မြိုင်လာတဲ့သဘောရှိတယ်၊   စည် ပင်နယ်နိမိတ်အတွင်းမှာ   အငှား  သွက်လာတယ်ပေါ့၊  နိုင်ငံခြားသား ဝင်တာ များလာလို့ပါ၊သူတို့က   အစုံ  ငှားနေကြတယ်”လို့   သူက  ပြောပါ တယ်။

ပြီးခဲ့တဲ့  ဖေဖော်ဝါရီ၊ မတ်လအ  တွင်းက   စတင်လှုပ်ခတ်ခဲ့တာဖြစ် ကာ    လတ်တလောမှာ   ပိုမိုအငှား  လိုက်လာတယ်လို့  သိရပါ  တယ်။

“အဓိကအားဖြင့်  မြေကော  လုံး ချင်း၊ ကွန်ဒို၊  နောက် ဟိုတယ် အလုံးလိုက်ငှားနေတဲ့  နိုင်ငံခြား သားတွေ ပါ   ရှိလာတယ်”လို့    ဦးစိုင်း ခွန်နောင်က   ပြော ပါတယ်။

လတ်တလောမှာ  ဒလစီမံကိန်း ဧရိယာလို  မြို့နယ်တွေအတွင်းမှာ   အရောင်းအဝယ်မဖြစ်ဘဲ    အေးနေ  ပါတယ်။  ပြီးခဲ့တဲ့လပိုင်းအတွင်းက    လည်း  ရန်ကုန်တိုင်းဒေသကြီးအ တွင်းက     ဒလ၊  ရန်ကုန်မြို့သစ်စီမံ ကိန်း     ဧရိယာတွေမှာ   မဟုတ်ဘဲ  ရန်ကုန်မြို့နယ်နိမိတ်အတွင်းမှာ ရှိတဲ့    အိမ်ခြံမြေတွေ  အရောင်း အ ဝယ်   အနည်းငယ်ဖြစ်ခဲ့တယ်လို့  သိရပါတယ်။

အရောင်းအဝယ်ဖြစ်ရာမှာ   ဧရာဝတီ၊ကမေ္ဘာဇ၊ရိုးမ စတဲ့   ဘဏ်  တွေက    ထုတ်ချေးပေးနေတဲ့   ချေး ငွေတွေနဲ့    ရန်ကုန်မြို့တွင်း  မြို့နယ် တွေအတွင်းမှာ   အဓိက လုံးချင်းနှင့် ကွန်ဒိုတွေကို   အဝယ် လိုက်လာပြီး  ဝယ်ယူတာတွေ  ပိုများလာခဲ့တယ် လို့  သိရပါတယ်။     

Posted By  : Seint Yupar Zaw (www.findpropertymm.com)

Ref & Photo Credit  : kumudra & Internet Source 4 June 2019