အဲကွန်း(လေအေးပေးစက်)နဲ့ မျက်နှာကြက်ပန်ကာကို အတူတွဲဖွင့်သင့်၊ မသင့် ???

Myanmar Builders Guide 10 Jun 2019

မျက်နှာကြက်ပန်ကာဆိုတာဟာ ၂၀ ရာစုအစောပိုင်းနှစ်တွေတုန်းကတော့ နေအိမ်တွေရဲ့ နည်းပညာမြင့်ဇိမ်ခံအသုံးအဆောင်ပစ္စည်းတစ်ခုပါ။

တီထွင်ကာစ ၁၈၈၀ ပြည့်လွန်နှစ်တွေတုန်းကတော့ စက်ရုံတွေ၊ ဟိုတယ်တွေမှာ အေးမြစေဖို့ ရည်ရွယ်ချက်နဲ့ စီးပွားရေးအတွက် သုံးဖို့ တီထွင်ခဲ့တာပါ။

ချားရဟတ်လိုလို ပန်းပွင့်ချပ်တွေလိုလို အလားသဏ္႑ာန်တူတဲ့ အဲ့ဒီမျက်နှာကြက်ပန်ကာတွေဟာ နောက်ပိုင်းမှာတော့ နေအိမ်တွေဆီ ၁၉၂၀ ပြည့်လွန်နှစ်တွေမှာ ထိုးဖောက်ဝင်ရောက်နေရာယူလာပါတော့တယ်။ နေအိမ်သုံးအဲကွန်းတွေ စတင်ပေါ်ပေါက်လာတဲ့ကာလထက် အများကြီးပိုစောတာပေါ့လေ။

အဲဒီလို ရှေးပိုကျလို့ဒိတ်အောက်သွားသလား၊ အသုံးမပြုကြတော့ဘူးလားဆိုတော့လည်း တက်တက်စင်အောင် မှားပါတယ်။

ခေတ်ဟောင်းမသွားတဲ့အပြင် ယနေ့တိုင်အောင်ကိုပဲ အမေရိကန်နိုင်ငံမှာ ပန်ကာအမျိုးစုံကြားထဲ မျက်နှာကြက်ပန်ကာတွေက ရောင်းအားအကောင်းဆုံး ဖြစ်ပါတယ်။

မျက်နှာကြက်ပန်ကာတွေကို အဲကွန်းဖွင့်မယ့်အစား အစားထိုးသုံးတဲ့ သဘောမျိုးမဟုတ်ဘဲ အဲကွန်းရဲ့တွဲဖက်တစ်ခုအနေနဲ့ တစ်ပြိုင်တည်းအသုံးပြုတာတွေဟာလည်း ပိုမိုများပြားလာပါတယ်။

အဲကွန်းနဲ့ မျက်နှာကြက်ပန်ကာကို တစ်ချိန်တည်းမှာ ဖွင့်ထားခြင်းအားဖြင့် နေအိမ်တွင်းလေထုကို သက်သောင့်သက်သာဖြစ်စေတာမို့ စွမ်းအင်အရမ်းသုံးတဲ့ အဲကွန်းရဲ့သဘောကို လျော့ကျစေကာ နေအိမ်ရဲ့ စွမ်းအင်အသုံးပြုမှုပမာဏကို ခွေျတာရာရောက်စေတယ်လို့ သိရပါတယ်ရှင်။

 

Posted By  : Stella  (www.findpropertymm.com)

Ref            ;  Myanmar Builders Guide

Photo By   း Internet  

Jun 8   ,2019