Find Property

ရန်ကုန်မြို့ပတ်ရထားလမ်းဘေးတစ်လျှောက် နေချင့်စဖွယ်ဖြစ်ရေး မြို့ပြအိမ်ရာစီမံကိန်းများကိုပါပေါင်းစပ်နိုင်ရန် ဆောင်ရွက်နေဟုဆို.....

Myanmar Time News | 20 May 2019

ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ဘူတာရုံများ အဆင့်မြှင့်တင်ရာ၌ လမ်းဘေးတစ်လျှောက်နေ ချင်စဖွယ်ဖြစ်ရန်အတွက် မြို့ပြအိမ်ရာစီမံကိန်း များကိုပါ ပေါင်းစပ်နိုင်ရန် ပြင်ဆင်ဆောင်ရွက် နေသည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။


ပန္နက်တင်အခမ်းအနား

ရန်ကုန်„-မန္တလေး ရထားလမ်းပိုင်းအဆင့် မြှင့်တင်ခြင်း (စီမံကိန်းအဆင့်- ၁) နှင့် ရန်ကုန် မြို့ပတ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း ဆောင်ရွက်ခြင်းများအတွက် ပန္နက်တင်အခမ်း အနားကို မေ ၁၈ ရက်က ရန်ကုန်ဘူတာကြီး စခန်းသာဧည့်ခန်းမရှေ့ မင်္ဂလာနေရာ၌ ပြုလုပ် ရာတွင် ၎င်းကထည့်သွင်းပြောဆိုသည်။

"မြို့ပတ်ရထားလမ်းနဲ့ ဆက်စပ်နေတဲ့ ဘူတာရုံတွေအားလုံး အဆင့်မြှင့်နိုင်ဖို့အတွက် ပူးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ဘူတာရုံသက်သက်မဟုတ်ဘဲနဲ့ နေချင့်စဖွယ် ဖြစ်လာနိုင်တဲ့  နေရာတွေဖြစ်ဖို့အတွက် မြို့ပြ အိမ်ရာစီမံကိန်းတွေနဲ့ပါ ပေါင်းစပ်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။ မြို့ပတ်ရထား လမ်းကို ပိုပြီးအဆင့်မြှင့်တင်နိုင်ဖို့ ကြိုးစား နေသလို မြို့ပတ်ရထားလမ်းနဲ့ ကားလမ်းတွေနဲ့ ချိတ်ဆက်တဲ့နေရာမှာရှိနေတဲ့ မီးပွိုင့်စနစ်တွေ ချိတ်ဆက်နိုင်ဖို့ကြိုးစားနေပါတယ်"ဟု ဝန်ကြီး ချုပ်က ပြောဆိုသည်။


ချိတ်ဆက်ဆောင်ရွက်နေ

မြို့ပတ်ရထားလမ်း ပိုမိုအဆင့်မြင့်လာပါက ရထား၊ ကား၊ ရေကြောင်းများကို ချိတ်ဆက် ဆောင်ရွက်နေကြောင်း၊ ယင်းသို့ ဆောင်ရွက်နေ ခြင်းကြောင့် ရန်ကုန်မှာ နေ့စဉ်ကြုံဆုံနေရသော ယာဉ်ကြောကျပ်တည်းမှု၊ လမ်းမပေါ်၌ အချိန် ပေးနေရမှုများကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာန၏ စီမံဆောင်ရွက်ပေးမှုဖြင့် ဖြေလျှော့သွား မည်ဖြစ်ကြောင်းလည်း သိရသည်။

"ရထားလမ်းတွေ အဆင့်မြှင့်တင်မှုပြီးစီး သွားရင်တော့ ကုန်စည်စီးဆင်းမှုကုန်ကျစရိတ် က သက်သာသွားမှာဖြစ်ပါတယ်။ ကုန်ကျစရိတ် သက်သာမှုက စားသုံးသူတွေအတွက် အထောက် အကူဖြစ်သလို ကျွန်တော်တို့နိုင်ငံအတွက် ကုန်စည်စီးဆင်းမှုကိုလည်း ပိုပြီးအထောက် အကူဖြစ်မှာပါ။ ရန်ကုန်„မန္တလေးရထားလမ်းက အရေးကြီးတဲ့လမ်းဖြစ်ပါတယ်"ဟု ၎င်းက ပြောဆိုသည်။

ပြေးဆွဲချိန်လျှော့ချ

ရန်ကုန်မြို့ပတ်လမ်း ၂၉ မိုင်ခွဲကို လက်ရှိ တွင် ၂ နာရီ မိနစ် ၅၀ ကြာ ပြေးဆွဲနေရာမှ အဆင့်မြင့်လမ်းပိုင်း ပြီးစီးသွားပါက ၁ နာရီ မိနစ် ၅၀ ဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး ပြေးဆွဲ ချိန် တစ်နာရီခန့် လျှော့ချသွားမည်ဖြစ်ကြောင်း၊ ယင်းအဆင့်မြှင့်တင်ခြင်းလမ်းပိုင်းကို ဂျပန် ဦဗ ချေးငွေနှင့် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

တိုးမြှင့်ပြေးဆွဲမည်

စီမံကိန်းပြီးစီးပါက ရထားတစ်စင်းနှင့် တစ်စင်း ၁၀ မိနစ်မှ ၁၂ မိနစ်ခြားတစ်စင်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း၊ ရထားလမ်း ပိုင်းများပြီးစီးသွားပါက ရထားမိုင်နှုန်းကို ကီလိုမီတာ ၆၀ နှုန်းအထိ တိုးမြှင့် ပြေးဆွဲပေး မည်ဖြစ်ကြောင်းလည်း မြန်မာ့မီးရထားမှ သိရ သည်။

Posted By  : Stella  (www.findpropertymm.com)

Ref    & Photo By       ; Myanmar  Time

May  19    ,2019