Find Property

စပါးဈေးကျ အဝယ်နည်း တောင်သူတွေ အခက်တွေ့

Kumudar | 20 May 2019

နေပြည်တော် မတ်(၁၅)။ ။ပြည်ပကို စပါးတင်ပို့်မှုလိုင်းပိတ်ထားတဲ့အတွက် ပြည်တွင်းစပါးဈေးတွေ ထိုးကျနေပြီး ဝယ်လိုအားလည်း မလိုက်လို့ စပါးစိုက်တောင်သူတွေ ဒုက္ခရောက်နေရတယ်လို့ စပါးစိုက်တောင်သူက ပြောပါတယ်။

 နေပြည်တော် စပါးစိုက်တောင်သူ ဦးနိုင်လင်းက " စပါးဈေးလေးကို တောင်သူတွေ ဈေးကွက်လေး တည်ငြိမ်ဖို့ရယ်၊ ပေါ်ချိန်မှာ ဈေးမကျဖို့ပေါ့နော်။ များသောအားဖြင့် ပေါ်ချိန်မှာ ဈေးကျတဲ့အတွက် တောင်သူတွေ ခံနေရတယ် " လို့ပြောပါတယ်။ 

 လေးလပိုင်းလောက်ကစပြီး တရုတ်ဘက်က ဆန်ကား ၅၃ စီးအပိတ်ခံရပြီးနောက်ပိုင်းကစပြီး စပါးတွေထိုးကျလာတာဖြစ်ပြီး စပါးဈေးတွေကျနေချိန်ဝယ်လိုအားကလည်း ထင်သလောက်မရှိတဲ့အတွက် စပါးစိုက်တောင်သူတွေ အဆင်မပြေမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သည်လိုအချိန်မှာ စပါးဈေးက တင်း ၁၀၀ ကို ကျပ် ၆၂၀၀၀၀ နဲ့ ကျပ် ၆၅၀၀၀၀ စားပြီး နှစ်မျိုးရှိခဲ့ပါတယ်။ သည်နှစ်မှာတော့ စပါး တင်း ၁၀၀ ကို ကျပ် ၄၇၀၀၀၀ သာရှိတယ်လို့သိရပါတယ်။

 ဦးနိုင်လင်းက " စပါးဈေးက ၄၇၀၀၀၀ ဆိုတာ တင်းမှန်ဈေးပေါ့နော်။၁၆ ပြည်တင်းမှန်ဈေး။ ၁၈ ပြည် ၁၉ ပြည်တွေက ၅၃၀၀၀၀ ရှိတယ်။ပွဲစားတွေက အဲ့လိုတွေလည်းဝယ်နေတယ်။ပွဲစားတွေက တောင်သူတွေကို အဲ့လိုလှိမ့်နေတာ။ အ တဲ့တောင်သူတွေတော့ ခံလိုက်ရတာပဲ။ ၁၈ ပြည် ၁၉ ပြည်တင်းကြီးတွေနဲ့  တောင်သူတွေကို ဈေးနည်းနည်းပိုပေးပြီးတော့  တင်းကို အကြီးကြီးတွေနဲ့ယူသွားတဲ့ အဲ့လို ပွဲစားတွေကလည်း များနေတယ်  " လို့ပြောပါတယ်။ သည်နှစ်စပါးဈေးက ကျသလို ကျနေတဲ့ ဈေးကွက်မှာလည်း ဝယ်လိုအားတွေ လိုက်လာတာလည်းမရှိဘူး လို့သိရပါတယ်။

 ဦးနိုင်လင်းက " စပါးဈေးက ရှစ်လပိုင်းလောက်မှ တက်မယ်ပြောတယ်။အခုကတော့ မတက်နိုင်ဘူး။ အဝယ်ကလည်း အေးနေတယ်။ ပွဲစားတွေကလည်း အဆင်းနည်းတယ် " လို့ပြောပါတယ်။သည်လိုစပါးဈေးတွေကျပြီး ဈေးကွက်ကလည်း မတည်ငြိမ်တဲ့အတွက် တောင်သူလယ်သမားတွေ အဘက်ဘက်ကနေလိုအပ်ချက်တွေရှိနေပြီး သည်စပါးဈေးနဲ့ တောင်သူတွေက လုံးဝ အဆင်မပြေမှုတွေဖြစ်နေတယ်လို့ နေပြည်တောင် စပါးစိုက်တောင်သူက ပြောပါတယ်။ 

 

Posted By  : Stella  (www.findpropertymm.com)

Ref    & Photo By       ;   Kumudar

May  18    ,2019