Find Property

ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး

7Day News Journal | 16 May 2019

ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး

ဒီကနေ့မေ ၁၆ ရက်အတွက် ငွေလဲနှုန်းတွေ၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကို 7Day TV က နေ့စဉ် နံနက် ၁၁ နာရီမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဒီကနေ့ အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို၁၅၃၀ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၃၅ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၉၀ ကျပ် (ဘဏ်ကအဝယ်)၊၁၇၀၅ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။

စင်ကာပူတစ်ဒေါ်လာကို ၁၁၁၄ ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၁၁၈ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၃ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၇ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။

ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။

ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၀၅၇၅၀၀ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။

စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၁၀၀၀ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၁၀၁၀ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၉၀၀ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၉၇၀ကျပ်ဈေးဖြစ်ပါ တယ်။

Posted By  : Seint Yupar Zaw (www.findpropertymm.com)

Ref & Photo Credit  : 7Day News Journal 16 May 2019