Find Property

လောင်းလုံးမြို့နယ်အတွင်းရှိ ကမ်းခြေလေးခုတွင် အပန်းဖြေစခန်းတည်ဆောက်မည်
11 Jan 2019 |

တနင်္သာရီတိုင်းဒေသကြီး လောင်း လုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်း၊ကျောက် တွင်းကမ်းခြေ၊ စမ်းလှမ်းရွာအနီးရှိ ကမ်း ခြေတစ်ခုနှင့် ပညစ်ကျွန်းတို့တွင် အပန်း ဖြေစခန်း တည်ဆောက်မည်ဖြစ်သော ကြောင့် မြေနေရာလျှောက်ထားမှုအပေါ် ကန့်ကွက်နိုင်ကြောင်း လောင်းလုံမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန မှ ဒီဇင်ဘာလ ၃၁ ရက်တွင်သိ ရသည်။
အပန်းဖြေစခန်းများ တည်ဆောက် ရန် မြေလွတ်မြေလပ်နှင့် မြေရိုင်း အသုံး ပြုခွင့် လျှောက်ထားမှုအပေါ် ကန့်ကွက်လို သူများအနေဖြင့် ဇန်နဝါရီ ၅ ရက်နေ့အထိ မြေစာရင်းဌာနတွင် သွားရောက်ကန့် ကွက်နိုင်မည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ ကမ်းခြေလေးခုအနက် မြေဧက ၁၄၀ ခန့်တွင်ပြုလုပ်မည့် ပဲ့စင်ကျွန်း ကမ်း ခြေတွင် နိုင်ငံတကာ အဆင့်မီခရီးသွား လုပ်ငန်းများ၊ အပန်းဖြေဝန်ဆောင်မှုလုပ် ငန်းများ၊ဇိမ်ခံသင်္ဘောများ ရပ်နားနိုင်မည့် ဆိပ်ကမ်း၊ ကစားကွင်းများနှင့် အိမ်ယာ စီမံကိန်းလုပ်ငန်းများပါဝင်ကြောင်းသိ ရသည်။
ကျောက်တွင်းကမ်းခြေရှိ မြေ ၁၃၈ ဧကပေါ်တွင် နိုင်ငံတကာ အဆင့်မီ ခရီး သွားလုပ်ငန်း၊ အပန်းဖြေ ဝန်ဆောင်မှုလုပ် ငန်းနှင့် အိမ်ရာစီမံကိန်း လုပ်ဆောင်ရန် လျှောက်ထားခြင်းဖြစ်ပြီး စမ်းလှမ်းကမ်း ခြေအနီး ရှိ ၇ ဒသမ ၉၈ ဧက တွင် ခရီး သွားလာရေးလုပ်ငန်းနှင့် ကမ္ဘာ့အဆင့်မီ အပန်းဖြေ ဝန်ဆောင်မှုလုပ်ငန်းဆောင် ရွက်ရန်လျှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပညစ်ကျေးရွာအုပ်စုရှိ ပညစ်ကျွန်း အကျယ်အဝန်း ၁၁ ဒသမ ၉၉ ဧကတွင် ဟိုတယ်နှင့် ကမ္ဘာ့အဆင့်မီ အပန်းဖြေ ဝန်ဆောင်မှု လုပ်ငန်းအတွက် လျှောက်ထားကြောင်း သိရသည်။

Posted By  : Thazin Hnin Htet (www.findpropertymm.com)

Ref & Photo Credit   : Pyi Myanmar 1 Jan 2019