Find Property

Eco Green City စီမံကိန်းသည် စီးပွားရေးမြို့တော် ရန်ကုန်မြို့ အဝင်တွင်ရှိနေ၍ အမြန်ဆုံးအကောင်အထည်ဖော်ရန် ပြည်ထောင်စုဝန်ကြီးပြော
11 Jan 2019 |

ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ် သာယာကုန်းစခန်းကြီး ကျေးရွာ အုပ်စု၊ ရန်ကုန် - မန္တလေး အမြန်လမ်းမ ကြီး ဝဲ/ယာ မိုင်တိုင်အမှတ် (၃/၀) နှင့် (၅/၄) ကြားတွင် ဆောက်လုပ်ရေးဝန်ကြီး ဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နှင့် Alliance Star Group of Companies တို့အကျိုးတူဆောင်ရွက် မည့် Eco Green City စီမံကိန်းမှာ စီး ပွားရေးမြို့တော် ရန်ကုန်မြို့အဝင်တွင်ရှိ နေ၍ အမြန်ဆုံးအကောင်အထည်ဖော်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဦးဟန်ဇော်က ဇန်နဝါရီလ ၆ ရက်တွင် ပြောကြားလိုက်သည်။
Eco Green City စီမံကိန်းလုပ်ငန်း များဆောင်ရွက်ရာတွင် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လည်း စီမံကိန်းဧရိယာအတွင်း ကြည့်ရှု စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြော ကြားခဲ့ကြောင်းသိရသည်။
အဆိုပါစီမံကိန်းကို အပိုင်း (၃) ပိုင်း ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်း မျှော်မှန်းချက်အနေဖြင့် JICA မှ ရေးဆွဲ ခဲ့သည့် Yangon Vision (2040) တွင် ပါဝင်သည့် အနာဂတ်မြို့သစ်စီမံကိန်းတစ် ခု အကောင်အထည်ဖော်ရန်၊ ဝင်ငွေနည်း ပြည်သူများအတွက် လိုအပ်သည့်အငှား အိမ်ရာများ ၊ တန်ဖိုးနည်းအိမ်ရာများ ဖြည့် ဆည်းပေးနိုင်ရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရှိ၍ လူမှု ဘ၀မြင့်မားလာစေရန် မျှော်မှန်းချက်ထား ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနလက် အောက်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနအနေဖြင့် ယင်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများ အကျိုးတူပူးပေါင်းဆောင်ရွက် နေသော စီမံကိန်းကြီးလေးခုရှိသည့်အ နက် Eco Green City စီမံကိန်းကို အ ပြီးသတ်စာချုပ်များချုပ်ဆိုကာ အမြန်ဆုံး လုပ်ဆောင်နိုင်ရန်လည်း စီစဉ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
Eco Green City စီမံကိန်းသည် မြေဧရိယာ ၁၄၅၃ ဧက အကျယ်အဝန်းရှိ သည့်အနက် အခြေခံလိုအပ်ချက်များဖြစ် သည့် လမ်း၊ ရေမြောင်း၊ လျှပ်စစ်နှင့် ကျောင်း စသည်တို့အတွက် မြေဧရိယာ ၄၄၇ ဧကခန့်ကို အသုံးပြုမည်ဖြစ်ပြီး ကျန်ရှိသော မြေဧရိယာ ၁၀၀၆ ဧကခန့်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀ ရာ ခိုင်နှုန်းနှင့် ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း အ ချိုးကျခွဲဝေရယူမည်ဖြစ်ကြောင်းလည်း အဆိုပါဝန်ကြီးဌာနက သိရသည်။
စီမံကိန်းကို အဆင့်နှစ်ဆင့်သတ် မှတ်ဆောင်ရွက်၍ အမေရိကန်ဒေါ်လာ နှစ်ဘီလျံခန့်အသုံးပြုကာ အချိန်ကာလမှာ ၁၀ နှစ်ကြာမည်ဖြစ်ကြောင်း၊ လူနေအိမ် ရာများ၊ ကျန်းမာရေး၊ စီးပွားရေးနှင့် အုပ် ချုပ်ရေးဆိုင်ရာအဆောက်အအုံများ၊ ဟို တယ်နှင့် ဂေါက်ကွင်း စသည်တို့ကိုလည်း ထည့်သွင်းဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မူဝါဒနှင့် စီမံကိန်းဌာန၏မှတ်တမ်းများအ ရ စီမံကိန်းဧရိယာတစ်ခုလုံးကို ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများဆောင်ရွက်ကာ Master Plan ညှိနှိုင်းရေးဆွဲရာ နိုင်ငံ တော်က ရသင့်ရထိုက်သောအကျိုးအ မြတ် ခွဲဝေမှုများရရှိအောင် အသေးစိတ်တွက်ချက်မှုများပြုလုပ်နေကြောင်းလည်း သိရသည်။
Eco Green City စီမံကိန်းနှင့်ပတ် သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ကုမ္ပဏီတို့အကြားက စာချုပ်မူကြမ်းကို ရှေ့နေချုပ်ရုံးသို့တင်ပြပြီးပါက MIC သို့ ဆက်လက်တင်ပြမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း လုပ်ငန်းစတင်ရန် စီစဉ်ထားကြောင်းလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Posted By  : Thazin Hnin Htet (www.findpropertymm.com)

Ref & Photo Credit   : Myanmar Builders Guide 10 Jan 2019